loading
please wait

Hidden Bagan Photography Tour

July 23, 2019

📸 ðŸ“¸Your Hidden Bagan – Photography Tour Package📸📸 
🌧☔️MONSOON PROMOTION ðŸŒˆðŸŒ¦
(1st July 2019 – 30th September 2019)

ပုဂံ ရဲ့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာများစွာထဲကမှ လူများသွားရောက်လည်ပတ်မှု နည်းပါးတဲ့ ဘုရားတွေ၊ အုတ်တိုက်တွေမှာ ဓာတ်ပုံအမိုက်စားတွေ ရိုက်ချင်တဲ့သူတွေ / လည်ပတ်ချင်သူတွေအတွက် ဘုရားလည်းဖူးရင်း ဓာတ်ပုံအမိုက်သားတွေရိုက်ဖို့ စီစဉ်ထားတဲ့ photo shoot tour လေးဖြစ်ပါတယ်။

🌟Day 1 
ပထမဆုံးရက် ကိုတော့ လေဆိပ်/ ကားကွင်းမှာ လာကြို ပါမယ်.. ဟိုတယ်မှာ check-in လုပ်ပြီးတာနဲ့ မနက်စားသောက် ဖို့ လက်ဖက်ရည်ဆိုင်ကို ခေါ်သွားပေးပါမယ်။ စားသောက်လို့ ဗိုက်ပြည့်ပြီဆိုရင် day 1 photo shoot tour စတင်ပါမယ်။ ပထမဆုံး photo shoot ဖို့လုပ်ထားတဲ့ hidden spot နေရာလေးတွေခေါ်သွားမယ်/ စိတ်ကြိုက်ဓာတ်ပုံရိုက်ပေးမယ်.
ပြီးရင် နေ့လည်စာစား ဖို့ခေါ်သွားမယ်.. စားသောက်ပြီးရင် ဟိုတယ်မှာည ခဏပြန်နား / ညနေပြန်ထွက်ဖို့ပြင်ဆင်ဖို့အချိန်ပေးပါမယ်။ ညနေဘက်မှာတော့ ဘုရားတစ်ဆူရဲ့ အတွင်းဘက်မှာ သေချာစီစဉ်ထားတဲ့ indoor setting shoot နဲ့ဓါတ်ပုံရိုက်ပေးပါမယ်။ ဘေးပတ်ဝန်းကျင်က ဘုရားတွေပတ်ဖူးရင်း ညနေ sunset ကြည့်ဖို့နေရာကိုခေါ်သွားပါမယ်။ ပထမနေ့လေးကိုတော့ sunset ကြည့်ရင်း အဆုံးသတ်ပါမယ်။

🌟Day 2
မနက်စောစောထပြီး sunrise ကြည့်မယ်။ ပြီးတာနဲ့ဟိုတယ်ပြန်ပြီးမနက်စာစားပြီးရင် ပုဂံမြို့သစ်တဝိုက်ကနေရာတွေကိုသွားမယ်။ နေ့လည်စာအနေနဲ့ Community Based Tourism ရွာမှာချက်ကျွေးတဲ့ အညာစာစစ်စစ်ကိုစားရင်း အညာဓလေ့ကိုလေ့လာလို့ရပါမယ်။
တရေးတမောနားလို့ပြီးရင် ညနေပြန်ထွက်တဲ့အခါ indoor shoot တခုလုပ်မယ်။ညနေကို ဧရာဝတီမြစ် သောင်တနေရာ သဲဖြူဖြူလေးပေါ်မှာ sunset picnic ပုံစံမျိုး ဓါတ်ဖမ်းရင်းနဲ့ sunset အလှကိုခံစားရပါမယ်။

🌟Day 3
နောက်ဆုံးနေ့ကိုတော့နားနားနေနေပဲ ဓါတ်ပုံလဲရိုက်ရင်း ပုဂံပြန်လက်ဆောင်ပဲသွားဝယ်မလား၊ အနှိပ်ပဲသွားခံမလား၊ ထန်းရည်ဆိုင်သွားချင်လား လိုက်ပို့ပေးပါမယ်။

ဒီခရီးစဉ်က ဓာတ်ပုံချည်း ရိုက်တာမဟုတ်ဘဲ ပုဂံနဲ့ပတ်သတ်တဲ့ သမိုင်းတွေ နံရံဆေးရေးပန်းချီအကြောင်း ဘုရားစေတီတွေဘယ်လို အဆင့်ဆင့်ပြောင်းလဲလာပြီး ပုဂံခေတ်လူနေမှုအဆင့်အတန်းတွေ ဘယ်လိုတိုးတက်ဖွံဖြိုးခဲ့သလဲ ပုဂံရဲ့ unique pagodas တွေကိုပါ လေ့လာရမှာမို့
ဒီခရီးစဉ်လေးက သင့်အတွက် အမြဲအမှတ်ရနေမှာ အသေအချာပါ 😁

What’s Included :
🌧☔️MONSOON PROMOTION 🌈🌦
(1st July 2019 – 30th September 2019)
⁃ Photography and Guide Service
– တယောက်ချင်းစီအတွက် ဓါတ်ပုံ soft copy ပုံ ၅၀
⁃ 3/4 Star အဆင့် Hotel မှာ ၂ည တည်းခိုခွင့်
⁃ Car for 3 Days
– ရေသန့်ရေအေး
⁃ Airport/Bus Station အကြို၊အပို့
⁃ ရွာမှာချက်ကျွေးမဲ့ နေ့လည်စာ
⁃ Sunset Picnic (အအေးနဲ့ snack)

မပါဝင်သောဝန်ဆောင်မှုများ
– မိမိကိုယ်ပိုင်အသုံးစရိတ်
– အထက်တွင်ဖော်ပြထားခြင်းမရှိသော meals
– spa
– photo edit အတွက်သီးသန့် editing charge ကောက်ခံပါမည်။

Price
3 Star Hotel နဲ့ ဆိုရင်
VIP Bus နဲ့ အသွား/အပြန် – 299,000 (per person)
Flight နဲ့ အသွား/အပြန် – 339,000 (per person)
*ဒီဈေးတွေက September လကုန်အထိပဲနော်…

4 Star Hotel နဲ့ ဆိုရင်
VIP Bus နဲ့ အသွား/အပြန် – 319,000 (per person)
Flight နဲ့ အသွား/အပြန် – 359,000 (per person)
*ဒီဈေးတွေက September လကုန်အထိပဲနော်…

* above prices are for local only, pls contact us for more details concerning foreigners.

အနည်းဆုံး လူဦးရေ ၂ ယောက်ရှိရင် သွားလို့ရပြီလေ

ဒီ Tour ကိုစိတ်ဝင်စားတယ်ဆိုရင် lodggy နဲ့ booking တင်ဖို့ 09 4444 38366 ကိုဆက်သွယ်လို့ပဲဖြစ်ဖြစ်၊ htoohtoo@lodggy.com ကိုဆက်သွယ်လို့ပဲဖြစ်ဖြစ် Booking အမြန်တင်လိုက်ပါ။

Recent posts
Previous post TERMS OF SERVICE